Print

အချိန်မတိုင်မီ အိုမင်းရင့်ရောင်ခြင်းကင်းအောင်

  27-Feb-2017
Preview Image

၁။ အချိန်မတိုင်မီ အိုမင်းရင့်ရော်မှုရဲ့ တရားခံ

ကျွန်မတို့ခန္ဓာကိုယ်ဟာ ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာပါ။ ခန္ဓာကိုယ်ထဲမှာ လွတ်ထွက်နေတဲ့ Free-radicals ဆိုတဲ့ မော်လီကျူးလေးတွေ ရှိပါတယ်။ ဒီ Free-radicals တွေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကို အောက်ဆီဂျင် ဓာတ်တိုးမှုဖြစ်စေကာ ဖျက်ဆီးပစ်ပါတယ်။ ဒီအခါမှာ ဆဲလ်တွေဟာ ထိခိုက်ပျက်စီးခံရလို့ ကျန်းမာကြ့ံခိုင်မှု လျော့ရဲလာပြီး အိုမင်းရင့်ရော်ခြင်း၊ နာမကျန်းဖြစ်ခြင်း တို့ကို ခံစားရစေ ပါတယ်။ ဒီတော့ နုပျိုကျန်းမာမှုရဲ့ အဓိကရန်သူကတော့ Free-radicals တွေပေါ့။

 

၂။ ဘာကြောင့် Free-radicals တွေ ဖြစ်လာစေသလဲ

ကျွန်မတို့ ခန္ဓာကိုယ်ထဲမှာ Free-radicals တွေကို ပွားများစေတဲ့ အကြောင်း ရင်းတွေကတော့ -

( က ) လေထုညစ်ညမ်းခြင်း

ဒါက ယနေ့ကာလလို စက်မှုထွန်းကားတဲ့အချိန်မှာ မြို့ပြကြီးတွေသာမက ကျေး လက်တောရွာတွေမှာပါ လေထုညစ်ညမ်းမှုကြောင့် သန့်ရှင်းတဲ့လေထု လျော့ပါးလာပြီး ကျန်းမာရေးကို ထိခိုက်မှုပိုများလာစေပါတယ်။

 

(ခ) Stress 

ယနေ့ခေတ်စားနေတဲ့ စကားလုံးလေးပါ။ အပြိုင်အဆိုင်၊ အတိုးအဝှေ့များတဲ့ ယနေ့ ကာလမှာတော့ အရွယ်သုံးပါးလုံးရဲ့ နှုတ်ဖျားမှာ Stress ဟာ တွဲလွဲခိုနေပါတော့တယ်။ ဖိစီးမှုဟာလည်း Free-radicals တွေကို မွေးဖွားပေးသူရယ်ပါ။

 

(ဂ) ဆေးလိပ်သောက်ခြင်း

" ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်သည်” တဲ့၊ တကယ်ထိခိုက်စေတာပါ။ ဆေးလိပ်ဟာ ခန္ဓာကိုယ်တစ်ခုလုံးကို နေရာလပ်မကျန် ဖျက်ဆီးပစ်နိုင်စွမ်း ရှိပြီး Free-radicals တွေ ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်။ 

 

(ဃ) ခရမ်းလွန်ရောင်ခြည်

လူတွေရဲ့လောဘဇောကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု လျော့ရဲလာရပြီး UV Ray’s Filter လို့တင်စားတဲ့ အိုဇုန်းလွှာကြီးလည်း ပေါက်ပြဲလာပြီမို့ ခရမ်းလွန် ရောင်ခြည်မြင့်မားလာကာ ခန္ဓာကိုယ်အရေပြားကို ထိခိုက်စေရုံသာမက ခန္ဓာကိုယ်တွင်းမှာ Free-radicals တွေ ဖြစ်ပေါ်မှုကို ထောက်ပ့ံပေးနိုင်တဲ့ ရန်သူတစ်ပါးပါ။

 

(င) ကျန်းမာရေးနဲ့ မညီညွှတ်သော စားသောက်မှု

သွားသုတ်သုတ်၊ လာသုတ်သုတ်ခေတ်မှာ အသင့်စား အမြန်စာတွေက လည်း ခေတ်စားလာပါတယ်။ ဆီကြော်စာ၊ အသင့်စားအစားအစာ၊ အမြန်စာ၊ ကြာရှည်ခံ အစားအစာတွေဟာ ကျန်းမာရေးအတွက် လုံးဝမသင့်တော်ပါဘူး။ ဒီအစားအစာတွေက Free-radicals တွေကို အဆမတန် ပွားများစေတာမို့ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ခံစားရစေနိုင်ပါတယ်။ 

 

(စ) Free-radicals တွေကို နှိမ်နင်းမယ့် Antioxidants

Antioxidants ဆိုတာ အောက်ဆီဂျင် ဓာတ်တိုးဆန့်ကျင်မှု (Oxidation) ကို တားဆီးပေးတဲ့ သက်စောင့်အာဟာရ တစ်မျိူးပါ။ သူက လွတ်ထွက်နေတဲ့ Free-radicals တွေကို ပေါင်းစည်းပေးပြီး ဆဲလ်တွေဆီ မရောက်အောင်၊ တည်ငြိမ်အောင် လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်တွင်းမှာ အောက်ဆိဂျင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ရှိနေရင် အိုမင်းရင့်ရော်ခြင်းကို နှေးစေပြီး Free-radicals ကြောင့်ဖြစ် တဲ့ ရောဂါတွေကိုလည်း မဖြစ်အောင် ကာကွယ်ပေးပါတယ်။

 

၃။ Antioxidants က ဘာတွေလဲ။

Antioxidants တွေဟာ ကျွန်မတို့ နေ့စဉ်မှီဝဲနေတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ Beta-carotene (Vitamin A), Vitamin C, Vitamin E, Zinc နဲ့ Selenium တို့ပဲ ဖြစ် ပါတယ်။ ဒီသက်စောင့်အာဟာရ ဓာတ်တွေဟာ ခန္ဓာကိုယ်က ဆဲလ်၊ တစ်သျှူးတွေ ကို အောက်ဆီဂျင်ဓာတ်တိုးမှုကနေ ကာကွယ်ပေးပါတယ်။

 

(က) Antioxidants ကပေးတဲ့ အကျိုးအာနိသင်တွေ အရေပြားကျန်းမာရေး လှစေခြင်း

Free-radicals ကြောင့်ဖြစ်တဲ့ အရေပြားပျက်စီးခြင်း၊ အိုမင်းရင့်ရော်ခြင်းနဲ့ အရေးအကြောင်းဖြစ်ပေါ် ခြင်းကို တားဆီးကာကွယ်ပေးပြီး အသားအရေကို ကြည်လင် လှပနုပျိုကျန်းမာစေပါတယ်။

 

(ခ) ခန္ဓာကိုယ်ခုခံအား ကောင်းစေခြင်း

ဓာတ်တိုးဆန့်ကျင့် ပစ္စည်းတွေက ကိုယ်ခံအားတိုးမြင့်စေလို့ ခန္ဓာကိုယ်ကို ခုက္ခပေး မယ့် ဗိုင်းရပ်စ်နဲ့ ဗက်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးနိုင်ဖို့ ခန္ဓာကိုယ်ခုခံအား စနစ်ကို အားကောင်းစေပါတယ်။

 

(ဂ) အရက်နဲ့ ဆေးလိပ်မှီဝဲသူတွေအတွက်

အရက်နဲ့ ဆေးလိပ် အလွန်အကျွံသောက်သူတွေအတွက် ခန္ဓာကိုယ်အတွင်းမှာ Free-radicals ကြောင့် ရရှိလာမယ့် ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်ဖို့ Antioxidants ကို မရှိမဖြစ်လိုအပ်ပါတယ်။

 

(ဃ) အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း

လေ့လာတွေ့ရှိချက်တွေအရ အထက်ဖော်ပြပါ Antioxidants နွယ်ဝင် သက်စောင့် အာဟာရဓာတ်တွေ ချို့တဲ့သူတွေမှာ နာတာရှည်ရောဂါတွေဖြစ်တဲ့ နှလုံးသွေးကြောရောဂါ၊ ကင်ဆာနဲ့ အရိုးပါးရောဂါတို့ကို ခံစားရနိုင်ခြေများပါတယ်။ Vitamin C နဲ့ E ဟာ ခန္ဓာကိုယ်တွင်းမှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ကောင်းသောအဆီကို များစေခြင်း၊ LDL မကောင်းသောအဆီကို လျော့ကျစေခြင်း၊ ထရိုင်ဂလစ်စရိုက်နဲ့ total cholesterol ပမာဏကိုပါ လျော့ကျစေလို့ ရောဂါကင်းဝေး ကျန်းမာနုပျိုစေပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
Sheri (U.O.N,Ygn)
Ziwaka magazine, December 2014

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18